လဟယ် ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် လဟယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မိုးရာသီသစ်ပင်စို က်ပျိုးပွဲတော်ကို ဇွန်လ ၂၈ ရက်နေ့ နံနက်(၁၀)နာရီအချိန် လဟယ်မြို့ မြို့အ၀င်မုခ်ဦးရှေ့တွင် တောင်ပေါ်ချယ်ရီ အရိပ်ရအလှပင်များ စိုက်ပျိုးပါသည်။
ရှေးဦးစွာ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူးဦးလင်းကိုကိုတို့က ဌာနဆိုင်ရာများထံ တောင်ပေါ်ချယ်ရီ အရိပ်ရပျိုးပင်များပေးအပ်ပါသည်။ ထို့နောက် ဌာနဆိုင်ရာ များကသတ်မှတ်နေရာများတွင် စိုက်ပျိုးကြရာ တောင်ပေါ်ချယ်ရီအရိပ်ရ အလှပင် (၁၀၀)ပင်စိန်ပန်းပင်(၅၀)ပင် စုစုပေါင်း(၁၅၀)ပင်ကို မြို့အ၀င်မုခ်ဦးမှ လမ်းဘေးဝဲယာများတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသ စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွေးနှင့်ရုံး၀န်ထမ်းများ၊ ဒေသအဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)