မိုင်းယောင်းမြို့နယ်၌ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိုင်းယောင်း ဇွန် ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ဟောင်ကြန့်ကျေးရွာရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ ယမန်နေ့က ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် ခေတ္တတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဇော်မင်းဆွေနှင့် အဖွဲ့ဝင်များ၊ တပ်နယ်/တပ်ရင်းများမှ တာဝန်ရှိသူများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အမှာစကား ပြောကြား၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေက ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့အား ထောက်ပံ့ငွေ ၃၉ဝဝဝဝ ကျပ်၊ ရွှေဖီဦး ၁၈ ထုပ်နှင့် ကြက်ဥ ၁၂ ကတ်တို့ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် မိုင်းယောင်းတပ်နယ်ဆေးမှူးနှင့်အဖွဲ့က တက်ရောက်လာသည့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၉၅ ဦးတို့အား ပုံမှန်ဆေးစစ်ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)