နတ်မောက် ဇွန် ၃၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နတ်မောက်-ပျော်ဘွယ်ကားလမ်းဘေးတွင် ယမန်နေ့က မြို့တွင်း ရေစီးရေလာကောင်းမွန်လာစေရန်အုတ်ရေမြောင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အုတ်ရေမြောင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာမှကြီးကြပ်၍ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ပြီး လမ်းများပျက်စီးမှုမှ ကင်းဝေးစေရန် နတ်မောက်-ပျော်ဘွယ်ကားလမ်းဘေးတွင် အုတ်ရေမြောင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း