တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းတို့၏ လေ့ကျင့်ရေးခြေစမ်းပွဲအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား (ဒုတိယအကြိမ်) ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း ၊  လမ်းဘေးဝဲယာ (၆ ဒဿမ ၅) ကီလိူမီတာ မှ (၇ ဒဿမ ၅) ကီလိုမီတာ၌  ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)အဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကြာအင်း၊  အမှတ်(၁၀၁၅) နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး  ဗိုလ်မှူးဝင်းနိုင်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံနှင့် ဝန်ထမ်းများ၊  ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင် ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင်ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့နံနက်ပိုင်းက ခြံပိုင်ရှင် ဦးသူဝင်းစိန်၊ ဦးစိုးလင်း၊ စောအားကျော် ဦး၊စောအယ်ညော၊ စောသောင်းစိန်ခြံ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု တောင်သူ ဦးဝင်းစိန်၏ ကွင်းအမှတ် ၃၈၅ -A၊ ဦးပိုင်အမှတ် ၅၆/၂၊ ဧရိယာ(၅)ဧကရှိ လယ်မြေပေါ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံ‌လျော်) ထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ထန်းခြောက်ပင်ကျေးရွာ၌ အလယ်တန်းကျောင်း(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဍ) အတိုးရငွေဖြင့် ပြန်လည်ပြုပြင်ဆောက်လုပ်ပြီးစီးသည့် အခြေခံပညာ အလယ်တန်းကျောင်(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ်လွှဲ ပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကမာရွတ်မြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာ​ပေး​ ဆွေး​နွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်ရှိ ကမာရွတ်မြို့နယ်အခွန် ဦးစီးဌာနမှူးက စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် လက်ဝတ်ရတနာဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း/ အင်း၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်၊ ကိုယ်ပိုင်ကျောင်း၊ အထူးကု ဆေးခန်းနှင့်အခြား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား ယမန်​နေ့ နံနက်ပိုင်းတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို အမှတ်(၂) အ​ခြေခံမှုလတန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မောက်မယ်မြို့နယ် နမ့်အွန်ရေထွက်တွင်ရိုးရာဓလေ့ရေတောင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာအနောက်ဘက် ၂ မိုင်ခန့်ရှိ နမ့်အွန်ရေထွက်တွင်ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါရေထွက်၌ ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။ မောက်မယ်မြို့နယ်တွင် ရေထွက်များပေါများသဖြင့် နှစ်စဉ်နယုန်လအတွင်း နေရာဒေသ အသီးသီးကျေးရွာများအလိုက် ရိုးရာဓလေ့ရေတောင်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to