လဟယ် ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့်ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့နံနက်(၁၀)နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်းချယ်ရီမြိုင်ခန်းမ၌ ကျင်းပပါသည်။
ဦးစွာနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဉက္ကဋ္ဌထံမှပေးပို့သော သဝဏ်လွှာကို နာဂဒေသရဲမှူး ဒုတိယရဲမှူးကြီးသိန်းဝင်းက ဖတ်ကြားပါသည်။
၎င်းနောက်(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသပါသည်။
ထို့နောက်နာဂဒေသအဆင့်အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်း၊ မူလတန်းအဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/သူများကို ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ပြီးပြိုင်ပွဲဝင်ဆုရဓါတ်ပုံများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်မှတ်တမ်းဓါတ်ပုံတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သိကောင်းစရာ အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/မများကျောင်းသား/သူများ တက်ရောက်ကြောင်း သိရပါသည်။
လဟယ်(ပြန်/ဆက်)