ရပ်စောက် ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ အင်းခေါင်းကန်အနီး မြေနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ ဗထူးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အတွက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးမည့် သစ်ပင်များအား ဗထူးတပ်နယ်မှူးနှင့် တာဝန် ရှိသူများက ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အမှတ်တရအဖြစ် စိန်းပန်းပြာပင်ကို စိုက်ပျိုးပေးပြီး တပ်နယ်မှတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက သတ်မှတ်နေရာများအလိုက် ကျွန်း၊ စိန်ပန်းပြာ၊ မျောက်ငို၊ ခါတော်မီ စသည့် သစ်အမျိုးအစားလေးမျိုး အပင်စုစုပေါင်း ၁၀၀၀ ပင်ကို စိုက်ပျိုးကြကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)