ပခုက္ကူ ဇွန် ၃၀
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား)ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပသည်။
ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား)ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဘူမိဗေဒဌာနအသင်းနှင့် ညွန့်ပေါင်း(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွန့်ပေါင်း(က)အသင်းက ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိသည်။
ယင်းနောက် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက ဖူဆယ်အားကစားပြိုင်ပွဲ ပထမဆု၊ ဒုတိယဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုတို့ကို အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပခြင်းဖြစ်ပြီး ပခုက္ကူတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံမှ ဖူဆယ်အားကစားအသင်း ၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)