မြိတ် ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မြိတ်ခရိုင် သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်ဝင်းအတွင်းကျင်းပခဲ့ပြီး မိုးရာသီသစ်ပင်(၆၀၀)ကျော်ကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာမြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့်တာဝန်ရှိသူများက မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များပေးအပ်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/မများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက မိုးရာသီသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းကတိုး(၁၀၀)ပင်၊ မဟော်ဂနီ(၉၈)ပင်၊ ခရေ(၁၇၀)ပင်၊ ကံ့ကော် (၃၅)ပင်၊ ပိတောက်(၂)ပင်၊ စိန်းပန်း(၅၀)ပင်၊ ငုရွှေဝါ(၅၀)ပင်နှင့် မန်ဂျန်ရှား(၁၀၀)ပင် စုစုပေါင်း ပျိုးပင်(၆၀၅)ပင်ကို သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာကြသူများက တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )