မိုင်းရှူးမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံနှင့် ပညာရေး (GEC), ငွေစု၊ ငွေချေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

မိုင်းရှူး ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံနှင့် ပညာရေး (GEC), ငွေစု၊ငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်၊သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်၊ပညာ‌‌ရေး(GEC) ငွေစု၊ငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် ဝန်ထမ်းပေါင်းစုံ ငွေစု၊ငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ ဒေါ်နန်းခင်ဖြူတို့က အမှာစကား အသီးသီး ပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သား၊သမီးအား တာဝန်ရှိသူများက ပညာရည်ချွန်ဆု ချီးမြှင့်ခဲ့သည်။

ထို့နောက် အသင်းမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက်ရယူကာ သဘာပတိဦးကျော်ထွန်းက အတည်ပြုခဲ့သည်။

အဆိုပါ အခမ်းအနားသို့တွင် တက်ရောက်လာသော အသင်းသားများကို တာဝန်ရှိသူများက စုဆောင်းငွေပေါ် အတိုးငွေများနှင့် ထောက်ပံ့ငွေ တစ်ဦးလျှင် (၄၀၀၀) ကျပ်ဖြင့် စနစ် တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)