သံဖြူဇရပ် ဇွန် ၃၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေ၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေနိုင်သည့်ခြင်များ ပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောင်ကုသိုလ် ရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်နေ မိသားစုများအား ခြင်ပေါက်ပွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များ အတွင်းအဘိတ်ဆေးခပ်ခြင်းနှင့်ဘုရားပန်းအိုး၊ ကားတာယာအဟောင်းများ၊ စွန့်ပစ်အမှိုက်များရှိ ခွက်များ၊ ပုံးခွံများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းမှ အသိပညာပေးပြောကြားပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှစုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများကိုလည်း အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)