တောင်ငူ ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသအတွင်းငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုဥ်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တောင်းတံတားအနီး၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီအဖွဲ့၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သနပ်ပင်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်မျိုးဦးတို့ တက်ရောက်ခဲ့ကြပြီး စစ်တောင်းမြစ်ရေပြင်အတွင်းသို့ နှစ်လက်မအရွယ် ရွှေဝါငါးကြင်းသား ပေါက်ကောင်ရေ (၅၀၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးသားပေါက် ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်းကောင်ရေ (၂၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)