လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈၈) စက်မှုလယ်ယာစခန်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သထုံ) တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)၌ (အဋ္ဌမ)အကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ+ထားဝယ်)ကျောင်းခန်းမ ယနေ့နံနက် ၈ နာရီက ၂၀၂‌ေ ခုနှစ်တွင် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် နွေစပါး (ရွှေသွယ်ရင်) စံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နေရဉ္ဇယျကျေးရွာ၊ ကွင်းအမှတ်(၄၅၂)တောင်သူ ဦးအေးသိန်း၏ နွေစပါးစိုက်ကွင်းတွင် ရွှေသွယ်ရင်မျိူးစပါးများ စိုက်ပျိူးထားသည့် စိုက်ခင်းနေရာ၌ ယနေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ် နတ်စဥ်ကုန်းကျေးရွာ၌ 10–Rows Seeder(မျိုးစေ့ချ)စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အမှတ်(၉၈)စက်မှု လယ်ယာစခန်း၊ စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် နတ်စဥ်ကုန်းကျေးရွာ၌ တောင်သူ ဦးအောင်မင်း၏ ကွင်းအမှတ်(၃၃၃)၊ လယ်ယာမြေနှစ်ဧကတွင် 10-Rows Seeder(မျိုးစေ့ချစက်)ဖြင့် တောင်သူများအား မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါလယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum-Seeder)ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြပွဲအခမ်းအနားကို ဇွန် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဆားမလောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ရေကြီးစဉ် တာတမံရေဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက မင်းဆယ်ကျေးရွာအုပ်စု လှိုင်တာကျေးရွာ သရက်ချောင်း- မင်းဆယ်တာ တာမိုင်(၂/ ၄) မိုင်တွင် ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဆန်များ ဝယ်ယူစားသုံးခွင့်ရရှိစေရန် ရည်ရွယ်၍ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးနှင့် (Biometric Data) များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သံဒိဇီး​ဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁)အလတ်စား လယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ လယ်ယာစိုက်ပျိုးရေး စက်ကိရိယာများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မိုင်းယန်းမြို့၌ မျိုးစေ့ထုတ်၊ စံပြစမ်းသပ်ကွက်များအတွက် ဓာတ်မြေဩဇာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်၊ စံပြစမ်းသပ်ကွက်များအတွက် ဓာတ်မြေဩဇာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to