ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum-Seeder)ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြပွဲအခမ်းအနားကို ဇွန် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဆားမလောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ဆားမလောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေး စင်တာအနောက်ရှိ လယ်မြေ (၁၀) ဧကပေါ်တွင် မျိုးစေ့ချကိရိယာ ( Drum Seeder) ဖြင့် ဆင်းသုခ မိုးစပါးမျိုးစေ့ချကွင်းသရုပ်ပြစိုက်ပျိုးခြင်းအား ကြည့်ရှုလေ့လာကြသည်။

မြို့နယ် (ပြန်ဆက်)