ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်အား စာရေးသူနှင့်အတူ နေပြည်တော်စာပေဝိုင်းမှ စာရေး ဆရာ၊ ဆရာမများ ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး

၂၀၂၄ ခုနှစ်၊  မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ   ၃၀ ရက်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် အားကစား ဝါသနာရှင် လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေစိုးရိမ်ရေအမှတ်အထက် ကျော်လွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးများ အဆက်မပျက်ရွာသွန်းလျက်ရှိရာ ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် (၁)ပေကျော် မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးမှူးရုံးမှ သိရသည်။

ဘားအံမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘားအံခရိုင်ရုံးခွဲနှင့် ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ဘားအံခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ အစီအစဉ်ဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့နံနက်ပိုင်းက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝရေပြင်ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်

ဒေသ၏ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ်စားသုံးနိုင်စေရန် သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ်၌ လက်ဆွဲကောက်စိုက် စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်တွင် ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ မြို့မစိုက်ပျိုးကွင်းအမှတ် ၃၅ B တွင် လက်ဆွဲ ကောက်စိုက်စက်ဖြင့် သရုပ်ပြသ မိုးစပါးစိုက်ပျိုးနေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ယမန်နေ့ဇူလိုင် ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် မြစ်ရေသည် ယမန်နေ့ညနေ ၃ နာရီအချိန် တိုင်းထွာချက်အရ ၁၃၆၈ စင်တီမီတာကျော်အထိ မြင့်တက်လာခဲ့သဖြင့် ရေများဝင်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ခန္တီးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကျွံမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇွန်လ(၂၃)ရက်နေ့မှစ၍ ဇူလိုင်လ(၁)ရက်နေ့အထိ မိုးများအဆက်မပြတ်သည်းထန်စွာရွာသွန်းပြီး ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ခန္တီးမြို့မြစ်ကမ်းနားလမ်းရှိကျွန်းစိုက်ခင်း၌ မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to