ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

မိုင်းတုံခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၄ခုနှစ် မိုးစပါး(၃၃၅၂၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၅၁.၃၈)ရာခိုင်နှုန်း ပြီးစီး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြသည့် အကျိုးဆောင် တောင်သူများအနေဖြင့်  ဒေသတွင်းဝမ်းစာစပါးဖူလုံစေရန်နှင့် မိသားစုဝင်ငွေ ပိုမိုရရှိရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက(၆၅၂၄၂)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ(၁)ရက်နေ့အထိ မိုးစပါး (၃၃၅၂၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၅၁.၃၈)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ကြောင်း  သိရသည်။

မိုင်းဆတ်မြို့နယ်၊ ကောင်းမှုလျှံကျောင်းတိုက်၌ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ကောင်းမှုလျှံကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြော

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူကလေးများအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းဥပဒေဆိုင်ရာအကြောင်းအရာများအား နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သရဖီခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

သုံးခွမြို့နယ်၌ မွေးကင်းစမှ (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မွေးကင်းစမှ(၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာနေခြည်နွေးက အသိပညာပေးခြင်းလုပ်ငန်းကို အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် အောင်စံရန်အေးဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျုံပျော်ခရိုင်တွင် အောင်ပွဲရ အမျိုးသမီးဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်  အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော ကျုံပျော်ခရိုင်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to