မြို့သစ်မြို့ မြို့မဈေးကြီးအတွင်း အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့မစျေးအတွင်း (အမဲ သား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မုဒုံမြို့၌ လက်ရက်ကန်း ခြောက်လသင်တန်း ဒုတိယအကြိမ်စတင်ဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း ခြောက်လသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSMEs ကဏ္ဍအတွက် ထုတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSMEs ကဏ္ဍအတွက် ထုတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ နယ်ထိန်း(အခြားအဆင့်) (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် နယ်ထိန်း (အခြားအဆင့်) (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

တွံ​တေးမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအားကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးပေးခန်းတွင်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအခမဲ့ဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းစံပြကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သန်လျင်မြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ လူငယ်များ ဘက်စုံထူးချွန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်အသိပညာဗဟုသုတ ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ သီဟဒီပ အားကစားခန်းမ၌ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက် နံနက် (၁၀) နာရီအချိန်က အိုင်ဇောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၌ မက်မန်းချိုသီးများ စိုက်ပျိုး ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာတွင် မက်မန်းချိုသီးနှံစိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကျရောက်ပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် ဇာတ်တိုက်လေ့ကျင့်

ပုလောမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ပုလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများက ယမန်နေ့ ညနေ ၃ နာရီ က ပုလောချောင်းအနီးတွင် မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to