မိုင်းယန်းခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ရုံးစာရေးဝန်ထမ်းများ ရုံးလုပ်ငန်းများတွင် စနစ်တကျမှန်ကန်တိကျစွာဆောင်ရွက်နိုင်ရန် ရုံးလုပ်ငန်းမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်သည်။

ချမ်းမြသာစည်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကြွက်ခဲဘုရားဓမ္မာရုံ၌ ဇူလိုင် (၁) ရက်နေ့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

သီးနှံမျိုးစုံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး အောက်လင်းဇင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများ၊ ရေကျအဆောက်အအုံများ၊ မြောင်းဘောင်စသည်တို့အား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးခြင်း၊ အသစ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး အောက်လင်းဇင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့သည့် နွေစပါးစိုက်ခင်းများမှာ အသီးများ ရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက မိုးသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ယခုဇူလိုင်လဆန်းမှစတင်၍ ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း သိရကာ စိုက်ပျိုးရေဖူလုံစွာရရှိခဲ့သဖြင့် နွေစပါးစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည်(၉၀၀၀၀၀)ကျော် ဝင်ရောက်လည်ပတ်ခဲ့

မွန်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ (၉၀၀၀၀၀)ကျော် ဝင်ရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်ထက် ၆၁ ရာခိုင် နှုန်းတိုးတက်ခဲ့ရာ ပြည်ပခရီးသွားများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဝင်ရောက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရေယာဥ်များအား လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေယာဥ်များအား ယမန်နေ့နံနက်(၁၁)နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမှတ် (ON- 7387A) ရေယာဥ်အမည် MV ဓနရွှေလမင်းရေယာဥ်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းလှမြို့တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းနှင့် မင်းလှမြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီသစ်ပင်စိုက် ပျိုးပွဲတော်အား ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ပျိုးဥယျာဉ်တွင် စိုက်ပျိုးခဲ့သည်။

တာမွေမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ်ဖြစ်စဉ်များကို အထိုက်အလျောက် အထောက်အကူပြုနိုင်စေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ်ဖြစ်စဉ်များကို အထိုက်အလျောက် အထောက်အကူပြုနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် သံသုမာလမ်းမကြီးတစ်လျှောက် ၂၀၂၄-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အရိပ်ရသစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။

မိုင်းပန်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နမ့်တိန်းကျေးရွာအုပ်စု၊ ကုန်းကတ်ကျေးရွာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to