တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရုံးလုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။

ဝမ်းတွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က မြောက်ဇောင်ဂျမ်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သံဃာဆောင်တွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနည်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျုံး(စံပြ)ကျေးရွာအခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်၊ မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များကို (၅)မျိုးစပ် ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား မေးခိုင်ကာကွယ်ဆေးထိုးနှင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ သံဃာ့ဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။

ကသာမြို့၌ လစဉ်ပုံမှန်ကာကွယ်ဆေးများ အခမဲ့တိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့တော်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။

ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံး စွဲစေရန်ရည်ရွယ်၍​အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင်ပ လပ်စတစ်အိတ် ဖြင့်ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်၌ ထွေအုပ်စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to