အုတ်တွင်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အမှတ်(၉၈)စက်မှု လယ်ယာစခန်း၊ စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် နတ်စဥ်ကုန်းကျေးရွာ၌ တောင်သူ ဦးအောင်မင်း၏ ကွင်းအမှတ်(၃၃၃)၊ လယ်ယာမြေနှစ်ဧကတွင် 10-Rows Seeder(မျိုးစေ့ချစက်)ဖြင့် တောင်သူများအား မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါလယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တောင်ငူခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက 10–Rows Seeder (မျိုးစေ့ချ)ကိရိယာဖြင့် စိုက်ပျိုးရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဟိန်းက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲမဖြစ်ပေါ်စေရေးအတွက် အချိန်နှင့်တပြေးညီ Seeder(မျိုးစေ့ချ) ကိရိယာဖြင့် စိုက်ပျိုးပေးနိုင်ကြောင်း တောင်သူအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တောင်ငူခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)