ပုသိမ်ကြီးမြို့နယ်တွင် နွေစပါး (ရွှေသွယ်ရင်) စံကွက်ရိတ်သိမ်း

ပုသိမ်ကြီး ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နေရဉ္ဇယျကျေးရွာ၊ ကွင်းအမှတ်(၄၅၂)တောင်သူ ဦးအေးသိန်း၏ နွေစပါးစိုက်ကွင်းတွင် ရွှေသွယ်ရင်မျိူးစပါးများ စိုက်ပျိူးထားသည့် စိုက်ခင်းနေရာ၌ ယနေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့သည်။

အဆိုပါ နွေစပါး စံကွက်ရိတ်သိမ်းရာတွင် (၀.၁၀) ဧက စံကွက်ရိတ်သိမ်းရာ၊ တစ်ဧက (၁၃၃.၂၈) တင်းနှုန်း စပါး(အခြောက်) ထွက်ရှိခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် တောင်သူများဖြင့် တွေ့ဆုံ၍ ဒေသစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

စံကွက်ရိတ်သိမ်းရာသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထိန်၊ ခရိုင်ဦးစီးမှူး ဦးရဲမင်းသောင်း၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)