စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)၌ (အဋ္ဌမ)အကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲကျင်းပ

သာယာဝတီ ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ+ထားဝယ်)ကျောင်းခန်းမ ယနေ့နံနက် ၈ နာရီက ၂၀၂‌ေ ခုနှစ်တွင် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ ရုံးချုပ်(နေပြည်တော်)မှ ညွှန်ကြားရေးမှူးဒေါက်တာလေးလေးခိုင်နှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးစိုးမြင့်ထွန်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးထက်မျိုးအောင်၊ သာယာဝတီခရိုင်စိုက်ပျိုးဦးစီးမှူးဒေါ်မာမာအောင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)ကျောင်းအုပ်ဆရာမကြီးဒေါ်တင်မိုးထွဋ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ထားဝယ်)ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ၊ ဘွဲ့ယူကျောင်းသား ၊ကျောင်းသူများနှင့် မိဘများ စုစုပေါင်း ၂၈၀ ဦးခန့် တက်ရောက်ခဲ့​သည်။

ဦးစွာ ဘွဲ့နှင်းစည်တော်တီးလုံးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့​ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်တို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

ယင်းနောက်ဒေါက်တာအောင်ကြီးနှင့် ဆရာမကြီးများက စိုက်ပျိုးရေနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ )ကျောင်းမှ ဘွဲ့ရကျောင်းသား ၇၄ ဦး ၊ ကျောင်းသူ ၅၃ ဦး စုစုပေါင်း ၁၂၇ ဦး ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ထားဝယ်)ကျောင်းမှ ဘွဲ့ရကျောင်းသား ၁၂ ဦး ၊ ကျောင်းသူ ၈ ဦး ၊ပေါင်း ၂၀ ဦး ၊ ၂ ကျောင်း စုစုပေါင်း ၁၄၇ ဦး တို့အား အောင်လက်မှတ်ဘွဲ့များ အသီးသီးပေးအပ်ချီးမြှင့်ပြီး ပထမနှစ်မှစ၍ တတိယနှစ်အထိ တန်းစဥ်ပေါင်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)