မြစ်ကြီးနားမြို့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိ
ကချင်ပြည်နယ်၏ အထက်ပိုင်းဒေသများနှင့် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင်း ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကြီးနားမြို့အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ယမန်နေ့ ညနေပိုင်းမှ စတင်ဖြစ်ပွားလျက်ရှိသည်။