မချမ်းဘော ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နမ်ခမ်ကျောင်း၌ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က စာဖတ်ခြင်းဖြင့်ရရှိသောအကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခြင်းနှင့် ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် အာဇာနည်ပုဂ္ဂိုလ်များ၏ လွတ်လပ်ရေးကြိုးပမ်းခဲ့မှုများကိုပါ ထည့်သွင်းဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသားကျောင်းသူ ၆၅ ဦးတို့က နယ်လှည့်စာကြည့်တိုက် စာအုပ်စာစောင်များငှားရမ်းဖတ်ရှုကြပြီး ခင်းကျင်းပြသထားသော ရေဘေးအန္တရာယ်ကာ ကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)