ဟင်္သာတ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဘေးချောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က (ဘေးချောင်) ၌ ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ကျောင်းသား/သူများအကြား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ တိုးပွားလာစေရန်နှင့် စွန့်ပစ်အမှိုက်များ စနစ်တကျခွဲခြား စွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးပိုက်မင်းဇံမှ "ပလတ်စတစ်အန္တရာယ်နှင့် ဒို့ကမ္ဘာမြေ" ခေါင်းစဉ်ဖြင့် ကျောင်းသား (၁၂၁) ဦး၊ ကျောင်းသူ (၁၂၉) ဦး၊ စုစုပေါင်း (၂၅၀) ဦးတို့အား အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)