ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

အမရပူရ ဇူလိုင် ၁၀

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် ဒုတိယကျောင်းအုပ်ကြီးများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။

ဘတ်စကက်ဘောပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်တွင် ဥပဒေပညာအသင်းနှင့် ညွန့်ပေါင်း(၁) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   ဥပဒေပညာအသင်းက (၇၈)မှတ်၊ (၂၆)မှတ်ဖြင့် အနိုင်ရ ဗိုလ်စွဲပြီး တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပါမာက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ဌာနမှူး(စီမံ/ဘဏ္ဍာ) တို့က  ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ပြိုင်ပွဲဝင် အားကစားသမားများအား တစ်ဦးချင်းဆုများ၊ အကောင်းဆုံးအားကစားသမားဆုများ၊  (အမျိုးသား၊အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ တံခွန်စိုက်ဆုများနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)