သံတောင်ကြီး ဇူလိုင် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်းပေါက်ရောက်ရှင်သန်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထပေါက်သည့် သံတောင်ကြီးဒေသထွက် ရာသီစာမျှစ်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိသည့်အတွက် ဒေသခံပြည်သူများ လိုက်လံချိူးယူရောင်းချလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် မျှစ်များမှာ ဉယျာဉ်ခြံများနှင့်တောတောင်များတွင် သဘာဝအပေါက်ရောက်ပြီးမျှစ်ပေါ်ချိန်ဇူလိုင်လတွင် ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်ချကာသံတောင်ကြီးမြို့ရှိ မျှစ်အဝယ်ဒိုင်များ ထံတွင်ရောင်းချကြရာတစ်ပိဿာကိုကျပ်(၁၂၀၀) ရရှိကြကြောင်းသိရသည်။ မျှစ်ပေါ်ချိန်တွင် လူတစ်ဦးသည် တစ်ရက်လျှင် မျှစ်ပိဿာ (၃၀)အထိ ချိုးယူရရှိသည့်အတွက် ငွေကျပ်(၃၆၀၀၀) အထိရရှိခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိကာအဆေပြေလျက်ရှိကြောင်းမျှစ် လိုက်လံချိုးယူရောင်းချသူ ဦးစောဖိုးကလူထံက သိရသည်။
အဆိုပါ သံတောင်ကြီးမြို့ရှိ မျှစ်အရောင်းအဝယ်လုပ်ကိုင်သူများက တောင်ငူမြို့မျှစ်ရောင်းအဝယ် လုပ်ကိုင်သူများထံ ပြန်လည်ရောင်းချခဲ့ပြီး တောင်ငူမြို့ရှိမျှစ်ရောင်းဝယ်သူလုပ်ကိုင်သူများက မြန်မာနိုင်ငံအနှံ့သို့ ပြန်လည်တင်ပို့ရောင်းချကြကြောင်းသိရသည်။
နော်နော်မူ