ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

ခိုလမ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်အချိန်က အ.ထ.က (ခိုလမ်)ကျောင်းရှိ မြတ်ရတာနာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ပြည်ထောင်စု၏ထာဝရအလှ” သီချင်းဖြင့် စတင်ဖွင်လှစ်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရည်ချွန်ဆုရ ကျောင်းသား/သူများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်ဇနီး ဒေါ်ချိုနွယ်ဦး၊ တပ်မတော် အရာရှိကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ပြီးနောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်မှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ဧည့်သည်တော်များအား ကျောင်းသား/သူများမှ အကအလှပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)