စစ်ကိုင်း ဇူလိုင် ၁၀
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် သီးနှံအခြေခံ ယို၊ ဖျော်ရည် မျိုးစုံ ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ဇူလိုင် (၁၀) ရက်၊ နံနက် (၁၀) နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ သီးနှံအခြေခံယို၊ ဖျော်ရည်မျိုးစုံ ထုတ် လုပ်မှု သင်တန်းကို (၇) ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်တဲ့အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် နည်းပညာများရရှိကြလိမ့်မည်ဟု ယူဆပါကြောင်း၊ ရရှိလာတဲ့နည်းပညာတွေကို အသုံးချပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်သွားကြစေလိုကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုပေးနိုင်မှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျံစိုးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က သင်တန်းမှထွတ်ရှိသည့် ထုတ်ကုန်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသူများကလက်ခံပေးခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်