​​​​​​​အိမ်မဲမြို့နယ် ကျွဲလမ်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျွဲလမ်းကျေးရွာဓမ္မာရုံတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့၊ ယန်းမိုင်(လားဟူ)ကျေးရွာတွင် နိုင်ငံ‌တော်မတည်‌ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက် မြေနေရာပန္နက်တင်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်မတည်‌ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်မြေနေရာ ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်လားဟူကျေးရွာ၌ ကျင်းပသည်။

ပေါင်းတည်၌ ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲ ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်အား ရဟန်းရှင်လူ ပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန်  ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲက်ို အစဉ်အလာမပျက် ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

မောက်မယ်မြို့နယ်၌ ပန်းခင်း(၃)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့” ပန်းခင်း(၃)စီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ ဝန်ထမ်းများက  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း(ကုန်းလမ်း)၌ ကွင်းဆင်း၍ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ (အ.ထ.က-၁) ကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိလာသော အသိပညာဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ အားကစားပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပြခန်းများ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်အရောင်းဆိုင်များ၊ စတုဒိတာကျွေးမွေးခြင်းများ၊ ဌာနဆိုင်ရာပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ‌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ရပါသည်။

အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉) နာရီက အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ရေး အဆင်ပြေစေရန်အတွက် စေတနာ အလှူရှင်များမှ စုပေါင်းလှူဒါန်းသော စားသောက်ဖွယ်ရာပစ္စည်းများ ပေးပို့ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း စာကြည့်တိုက်များအတွက် ရန်ပုံငွေ ပေးအပ်ခြင်းနှင့် စာအုပ်၊ စာစောင်များ‌ ပေးအပ်လှူဒါန်းပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များအတွက် ရန်ပုံငွေ ပေးအပ်ခြင်းနှင့် စာအုပ်၊ စာစောင်များ‌ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

မြဝတီမြို့ အ.ထ.ကခွဲ (၃) ၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမ်န်နေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။

တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟု သုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပသည်။
Subscribe to