ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏစွမ်းရည်ဆိုင်ရာပြိုင်ပွဲများ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပသည်။