အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉) နာရီက အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်က အမှာစကား ပြောကြားပြီး အဆိုပါ သင်တန်းကို မီးသတ်ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးအား အခြေခံမီးငြှိမ်းသတ်ရေး နည်းစနစ်များနှင့် ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို ဩဂုတ်လ(၅)ရက်နေ့မှ စတင်ကာ ဩဂုတ်လ(၃၁)ရက်နေ့ အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်အနားသို့ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်၊ အရန်မီးသတ် ဒုတိယတပ်ရင်းမှူးနှင့်တပ်ခွဲမှူး၊ ဒုတိယတပ်ခွဲမှူးများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)