တာချီလိတ်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီး ကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေရန် ရည်ရွယ်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၈) ရက်နေ့၌ ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ ကျင်းပခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယ‌နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစန္ဒာရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် မိုးစပါးစံပြကွက်များအား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် မိုးစပါးစံပြကွက်များအား တောင်သူများမှ ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၁၅/၁၅၄၈)၊ ဦးပိုင်အမှတ်(၅၉)၊ တောင်သူဦးကြံတိုင်းအောင်၏ မိုးစပါးစိုက်ခင်း(၅)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန်အတွက် ယမန်နေ့က မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အာဟာရ ရိက္ခာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (United Nations World Food Programme -WFP) တောင်ကြီးရုံးခွဲမှ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရစားနပ် ရိက္ခာကူညီထောက်ပံ့ပေးအပ်ခြင်းကို နာဟောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း‌တွင် ယမန်နေ့မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
Subscribe to