ပေါင်းတည်၌ ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲ ကျင်းပမည်

ပေါင်းတည် စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်အား ရဟန်းရှင်လူ ပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန်  ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲက်ို အစဉ်အလာမပျက် ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ပေါင်းတည်မြို့နယ် သိကျမုနိမိုဃ်းကောင်းဘုရားကြီးတိုက် ကန္ဓကုဋီ ရွှေတိုက်တော်အတွင်း ကိန်းဝပ်စံမြန်းလျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်အား နှစ်စဉ် အပူဇော်ခံမြဲဖြစ်သော တော်သလင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် အပူဇော်ခံမည်ဖြစ်ကြောင်း၊ ထိုနေ့များတွင် နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ ဗုဒ္ဓမြတ်စွယ်တော်အား ရွှေကျောင်းဆောင်ပေါ် ပင့်ဆောင်ထားရှိလျက် အပူဇော်ခံမည်ဖြစ်​ကြောင်းနှင့် ပကတိအတိုင်း ပူဇော်နိုင်ကြစေရန် တော်သလင်းလဆန်း ၁၄ ရက်၊ ၁၅ ရက် နေ့တို့တွင် မြတ်စွယ်တော်အား ဖုံးအုပ်ထားသော ရတနာစိန်ကြုတ်တော်ကို ဖွင့်လှစ်အပူဇော်ခံမည်ဟု သိရသည်။

ပေါင်းတည်မြို့နယ်တွင် ကိန်းဝပ်လျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည် သီဟိုဋ်ကျွန်း (သီရိလင်္ကာနိုင်ငံ)ရှိ ဂေါတမဘုရား စွယ်တော်တစ်ဆူနှင့် ဆက်နွယ်ပတ်သက်ခဲ့ပြီး တန်ခိုးကြီး မြတ်စွယ်တော်ဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပခဲ့သော အပူဇော်ခံပွဲနှင့် မြတ်စွယ်တော်ပွဲတော်သည် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားပြီးယခုနှစ် အပူဇော်ခံပွဲသည် ၁၂၇ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက် )