နမ့်စန်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့်နည်းပြသင်တန်းစတင်ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်း၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရန်၊ ဘဝပေးအခြေအနေအရ ကလေးအလုပ်သမားအဖြစ် ရုန်းကန်နေရသော ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ထိခိုက်မှုမရှိစေရန်နှင့် ပညာသင်ကြားရမည့်အရွယ်တွင် ပညာသင်ကြားခွင့်ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

လဲချားမြို့ လူထုအခြေပြု (Community Centre)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်သည်။

တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Taunggyi)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းကျင်းပ

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းကျင်းပ ဘိုကလေး စက်တင်ဘာ ၂ မိုးစက်(ဘိုကလေး)

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ခရမ်းကိုင်းကွင်း၊ ဧက (၂၀၀) ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည့် မိုးစပါးအတွက် ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ကျားခေါင်းခန်းမ မိုးတွင်းကာလ သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော်ရုံး ကျားခေါင်းခန်းမနှင့် ပတ်ဝန်းကျင်၌ သန့်ရှင်းသပ်ရပ်စနစ်တကျရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to