ပွင့်ဖြူ စက်တင်ဘာ ၁
နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ရေး အဆင်ပြေစေရန်အတွက် စေတနာ အလှူရှင်များမှ စုပေါင်းလှူဒါန်းသော စားသောက်ဖွယ်ရာပစ္စည်းများ ပေးပို့ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ထို့သို့ ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ရေး အဆင်ပြေစေရန် တာဝန်သိစွာ စေတနာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပါဝင်လှူဒါန်းပေးကြသည့် စေတနာ အလှူရှင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် စေတနာအလှူရှင်များက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ရေး အဆင်ပြေစေရေး ထောက်ပံ့ပေးပို့လှူဒါန်းနိုင်ရန် ငွေကျပ်(၂၇၀၀၀၀) တန်ဖိုးရှိ ငါးသေတ္တာ (၃၆)ဘူး၊ မာမားခေါက်ဆွဲခြောက် (၁၂) ဖာတို့ကို လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၊ မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းပိုင်စိုးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများကို ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ပေးပို့နိုင်ရေး သက်ဆိုင်ရာနယ်မြေခံ ဝါစိုက်ပျိုးရေးတပ်မှ ဆက်လက်ပေးပို့လှူဒါန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )