မိုင်းခတ် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်မတည်ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်မြေနေရာ ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်လားဟူကျေးရွာ၌ ကျင်းပသည်။
အဆိုပါ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောက်ထွေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနွယ်နီအောင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားဝေနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာများတွင် ပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)