သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြုအဆင့်မြင့် အပ်ချုပ်စက် (၂) လသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက် (၂)လသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

မိုးနဲမြို့နယ် လွိုင်လင်းခေတ်မီစံပြကျေးရွာ (Smart Village) တွင်  ထင်းစိုက်ခင်း ပျိုးထောင်စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ကွန်နားကျေးရွာအုပ်စု လွိုင်လင်းခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း ကျေးရွာတွင် ထင်းစိုက်ခင်းပျိုးထောင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဓနုကိုယ်ပိုင်ခွင့်ရဒေသနှင့် ကလောခရိုင်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦး‎ရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍  အင်ဂျင်စွမ်းအားသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိတ္ထီလာမြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍  အင်ဂျင်စွမ်းအားသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စက်ပစ်တောင်ကျေးရွာ ဦးပိုင်အမှတ် ၂၆၆၊ ကွင်းအမှတ် ၇၄၀ ရှိ တောင်သူ ဒေါ်အေးအေးမော်၏ စိုက်ဧက ၄ ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး ကြီးကြပ်မှု​ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မန္တလေးမြို့ ဟွာကျုံး ကျောင်းသားဟောင်းများ လူမှုကူညီရေးအသင်းက စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍  မန္တလေးမြို့ ဟွာကျုံးကျောင်းသားဟောင်းများ လူမှုကူညီရေးအသင်းက ဧကဒသမအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် နွေစပါးထိခိုက်ပျက်စီးမှုများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

မန္တလေး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းက ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ဝန်စု၊ ရှမ်းတော၊ ကမ်းတဘက်၊ ဝက်ခဲ၊ စက်ထိပ်၊ ရွှေချောင်း၊ ညောင်ကုန်း စသည့် ကျေးရွာအုပ်စုများရှိ နွေစပါးစိုက်ဧက(၄၁၉)ဧက ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရာ မျိုးစပါးများပြန်လည်ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က မတ္တရာမြို့နယ်၊ လင်းမွေချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။

မိုင်းယောင်းမြို့နယ်၌ တံတားပြုပြင်နိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ ညနေပိုင်းက ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း (ဓါတ်လုံစေတီတော်သွားလမ်း)ပေါ်ရှိ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျပျက်စီးသွားသည့် တံတားအား ပြုပြင်နိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယနေ့နံနက်ပိုင်း (၈) နာရီခွဲက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြိုယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to