မြဝတီမြို့ အ.ထ.က (၂) ၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့သည် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး စနေနေ့တိုင်း ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီတွင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက် အ.ထ.က(၂) ကျောင်းဝင်း၌ ဆောင်ရွက်ပေးသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲများ နုတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲများ နုတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် တာဝန်ရှိသူများသည်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

တံတားဦးမြို့နယ် ပြူကန်-မြို့သာလမ်းကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြူကန်-မြို့သာလမ်း (၀/၄.၅မိုင် ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၁၅ လက်မ)ထု ကတ္တရာလမ်းခင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ဩဂုတ်လ(၂၉)ရက်နေ့ ညနေပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှ ပလတ်စတစ်များ စုပေါင်းကောက်ယူ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ် ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်မှစတင်ကာ ဓမ္မရံကြီးဘုရား ပတ်ဝန်းကျင်နှင့် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းဘက်အထွက် သံတော် ကုန်းထိပ်မှလမ်း ဘေးဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ ဖော့ဘူးခွံများ ကောက်ယူသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ငါန်းဇွန်မြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် လျော့ကျစေရေးအတွက် ယနေ့နံနက် ၉ နာရီက ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်းသိရသည်။
Subscribe to