ဖျာပုံမြို့ အ.ထ.က (၂) ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် (၆)ဘာသာဂုဏ်ထူးရှင်နှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က (၂) ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်(၆)ဘာသာဂုဏ်ထူးရှင်နှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၂)ကျောင်းရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။