ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲသို့တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြု ပြင်ပြီးစီးနေမှုနှင့်ဆက်လက်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာ ရေးဝန်ထမ်းများ အား ဂုဏ်ပြုပွဲသို့ တက်ရောက်ကြသည်။

ကျုံပျော်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အခြေခံစားသောက်ကုန်ထောက်ပံ့ခြင်းနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

ကျုံပျော်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အခြေခံစားသောက်ကုန်ထောက်ပံ့ခြင်းနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက် ကျုံပျော် ဇန်နဝါရီ ၂၂ လပြည့်ဦး(ပြန်/ဆက်)

ပလောက်မြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးစည်းရုံးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးလာစေရန်အတွက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးစည်းရုံးဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက်ထုတ်ယူသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

မချမ်းဘောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက်ထုတ်ယူသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက် မချမ်းဘော ဇန်နဝါရီ ၂၂ ‌‌‌ယောရွှေနီ(မချမ်းဘော)

ရွှေကျင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မားစေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် အခြေခံ ပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ မီးသတ်ဦးစီးဌာနမှမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းကရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လိုက်လံအသိပညာပေးကြေငြာခဲ့ကြောင်းသိရသည်။
Subscribe to