မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်မွန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်‌နေ့အထိ တစ်နိုင်ငံလုံးဆိုင်ရာ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် စနစ်ကျပြီး အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ ပြည်သူ့လုံခြုံ​ရေးနှင့်အကြမ်းဖက်နှိမ်နင်း​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဒေသတွင်းတည်ငြိမ်​အေးချမ်း​ရေး၊ တရားဥပ​ဒေစိုးမိုးရေးနှင့် အုပ်ချုပ်​ရေးယန္တရား ခိုင်မာ​အောင်တည်​ဆောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သည့် ပြည်သူ့လုံခြုံ​ရေးနှင့်အကြမ်းဖက်နှိမ်နင်​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက်က ကျိုင်းတုံမြို့ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

မြိုသစ်မြို့နယ်၌ “ကမ္ဘာ့အိုဇုန်းလွှာသိမ်း‌ရေးနေ့” အထိမ်းအမှတ် စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က စာဖတ်ရှိန်မြင့်တင်ရေး “ကမ္ဘာ့အိုဇုန်းလွှာသိမ်း‌ရေးနေ့” အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပခဲ့သည်။

လောင်းလုံးမြို့နယ် သန်းခေါင်စာရင်းကော်မတီမှ စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းကို ယနေ့နံနက်၉နာရီအချိန်က မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ ထားဝယ်ကွန်ပျူတာတက္ကသိုလ် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ၊ လယ်ယာမြေပျက်စီးမှုများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ရက်မှ ၁၂ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်း၊ တံတားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်းနှင့်ခရိုင်ချင်းဆက်လမ်း ဆက်သွယ်ထားသည့်လမ်းပေါ်တွင် မိုင်တိုင် ၄မိုင် ၆ဖာလုံနှင့် ၄မိုင် ၇ဖာလုံကြား Box-culvert ချင်းကပ်လမ်း ၁၀ ပေခန့် ဂလိုင်ဖွဲ့ရေထွက်မှုအား ဒေသခံပြည်သူများ ယာယီပြန်လည်ပြုပြင်နေမှုအခြေအနေအား ကြည့်ရှုအားပေး၍ နေပြည်တော်ကောင်စီဝင်က ရေသန့်ဗူးများ လှူဒါန်းခဲ့ပြီးနောက် ထုံးဖိုကျေးရွာအုပ်စုအတွင်း ခရိုင်ချင်းဆက်လမ်းပေါ်ရှိ အရှည် ၃၀၀ ပေ၊ အကျယ် ၁၄ ပေရှိသော ညောင်ကိုင်းချောင်းဖြတ်ကူးတံတား ရေစီးနောက်မျောပါပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာအနီး အလျား ၂၈၂ ပေ၊ အမြင့် ၈ ပေ၊ ထိပ်ပြင်အကျယ် ၅ ပေ ရှိသော ပွဲစားဆည်ကျိုးပေါက်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာနှင့် သစ်ဆိန်ပင်ကျေးရွာချင်းဆက် လယ်ငယ်ချောင်းကူးတံတား အလျား ၇၀ပေ၊ အနံ ၁၅ပေ၊ အမြင့် ၆ပေ နုံးတင်ပြိုကျပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာနှင့် သစ်ဆိန်ပင်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ သောက်ရေသန့်၊ အဝတ်အထည်နှင့်အစားအစာများ ထောက်ပံ့လှုဒါန်း၍လည်းကောင်း၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာတမံ နုံးတင်ပြီး တိမ်ကောပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ မုန်ချောင်းကူးတံတားကြံ့ခိုင်မှု၊ Box Culvert ပျက်စီးမှုနှင့် ကားလမ်းတစ်လျှောက် အမှိုက် သရိုက်များ၊ သစ်တုံးသစ်ဆွေးများ၊ ရွှံ့နွံများ စက်ယန္တရားများဖြင့် သန့်ရှင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ သရက်အုပ်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ကျေးရွာအဝင်လမ်း ပြန်လည်ဖောက်လုပ်နိုင်ရေးနှင့် သောက်သုံးရေးရရှိရေးအတွက် ရေတွင်းများ အမြန်ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအား ရှင်းလင်းမှာကြားခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ပြည်သူ့လုံခြုံ​ရေးနှင့် အကြမ်းဖက်နှိမ်နင်း​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချပ်​ရေးယန္တရား ခိုင်မာ​အောင်တည်ဆောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက်က စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် စစ်​ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

ခန္တီးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အခြေခံပညာမူလတန်းကျောင်း(နားမေတ္တာ)၌ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to