ကျိုက်လတ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ကျွေးမွေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ကျွေးမွေးခြင်းကို ယနေ့နံနက် (၈) နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။