လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်း တက်ရောက်နေမှု ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်း တက်ရောက်နေမှုအား ကြည့်ရှုအားပေးသည်။

တောင်ငူခရိုင်အတွင်း၌ စာသင်ကျောင်း(၂၂၃)ကျောင်း ယာယီပိတ်ထား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များသို့ စစ်တောင်းမြစ်ရေသည် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်၍ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး မြေနိမ့်ပိုင်းရှိရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် စက်တင်ဘာ ၁၆ ရက်နေ့အထိ စာသင်ကျောင်း(၂၂၃)ကျောင်း ယာယီပိတ်ထားလျက်ရှိသည်။

လိပ်သိုမြို့၌ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက စစ်ကိုင်းမျက်မမြင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ် /စာရင်းကောက်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ခရိုင်ခန်းမ၌ ကျင်းပခဲ့သည်။

မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင်Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း အသိပညာပေး Talk Show ကျင်းပ

အိမ်မဲမြို့နယ် Community Centre ခန်းမတွင်Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း အသိပညာပေး Talk Show ကျင်းပ အိမ်မဲ သြဂုတ် ၁၇ ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်းများသို့ ထမင်းဘူးများသောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများနေ့စဉ်လှူဒါန်းထောက်ပံ့ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေကြီးမှုကြောင့် ရေဘေးရှောင်စခန်းများဖွင့်လှစ်ထားလျက်ရှိရာ အဆိုပါရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကွပ်ကဲ၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ထမင်းဘူး၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အစားများ ဝေငှပေးလျက်ရှိသည်။

မိုင်းဖြတ်မြို့နယ်၌ ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ​မော်​တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်က မိုးအဆက်မပြတ်ရွာသွန်းခြင်း​ကြောင်း ရေကြီး​ရေလျှံမှုဖြစ်​ပေါ်ခြင်း၊ လူ​နေအိမ်များသို့ ရေများဝင်ရောက်ခြင်း၊ ပြည်​ထောင်စုကားလမ်းမကြီး​တစ်​လျှောက် ​​တောင်ပြိုခြင်း၊ လမ်းသားပဲ့ကျခြင်းများ ဖြစ်​ပေါ်ခဲ့ရာ ​မော်​တော်ယာဥ်များ သွားလာမှုများ ရပ်တန့်ခဲ့ရာ ယခုအခါ ​မော်​တော်ယာဥ်များ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်​ကြောင်း သိရသည်။
Subscribe to