မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက နယ်လှည့်ဆေးကုသမှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ရွှေကျင်ကျောင်းဝင်းရှိရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ကနယ်လှည့်ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။

ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၉)ကျောင်းပြန်လည်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကျောင်းဝန်းအတွင်း ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း(၉) ကျောင်းအား ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် စတင်ရောင်းချပေး

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက်တွင် အိမ်ထောင်စု(၈၄၆)စုတို့အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယနေ့စတင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

တပ်ကုန်းမြို့နယ်အတွင်း ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ ပျက်စီးသွားသော အဆုံ (ဇီးကုန်း) တံတားအားဖြတ်သန်းသွားနိုင်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြား၊ နဝင်းချောင်းဖြတ်ကူး အဆုံ (ဇီးကုန်း) တံတားချဥ်းကပ်လမ်းသည် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းပြီး နဝင်းချောင်း ရေလျှံမှုကြောင့် ပျက်စီးသွားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးအောင်သီဟ ဦးစီး၍ တံတားအထူးအဖွဲ့ (၆)မှ လူအင်အား ၃၀ ဦး၊ ကရိန်းယာဥ်နှစ်စီး အသုံးပြုကာ နှစ်လမ်းသွား ပေ ၁၀၀ သံဘောင်ဘေလီတံတား (ခံနိုင်ဝန်- တန် ၅၀) တည်ဆောက်ပြီးစီးပြီခဲ့သဖြင့် တံတားခံနိုင်ဝန်များ စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့နံနက် ၉နာရီ ၂၀မိနစ်ခန့်မှစ၍ ယာဥ်နှင့် လူများအား စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရေဘေးသင့်ပြည်သူများအတွက် လူမှုကရုဏာအကူအညီပေးရာတွင် အသုံးပြုရန် အလှူငွေ‌ပေးအပ်လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူမှုကရုဏာအကူအညီများပေးရာတွင်အသုံးပြုရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။

ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ဒေါပုံမြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝင်ငွေတိုးစီမံကိန်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေးလုပ်ငန်းမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကလေးဝမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် စက်တင်ဘာလ(၁၆)ရက်နေ့၌ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to