ချမ်းအေးသာစံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်
၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များလုပ်ငန်းကျွမ်းကျင်မှုရှိရေး သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီမှ ယနေ့နံနက် (၉)နာရီက မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။