ဇလွန်မြို့နယ်တွင် မိခင်နှင့်က​လေးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့်သပြုကွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ထောက်ပံ့

ဇလွန် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် လူမူဝန်ထမ်းဦးစီးဌာနမှ မိခင်နှင့်က​လေးကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် သပြုကွင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက ဇလွန်မြို့နယ်ရှိ ဓမ္မာရုံကျောင်းလမ်း မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် ဒေါင့်ကြီး မိခင်နှင့်ကလေးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ တာဝန်ခံဆရာမနှင့် စာသင်ဆရာမများအား တစ်ကျောင်းလျှင် (၉၆၀၀၀၀)နှုန်း၊ သပြုကွင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ​ဂေဟာမှူးထံသို့ (၅၅၀၅၀၀၀)စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၇၄၂၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန် (ပြန်/ဆက်)