မုံရွာ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှိ (၅)ထပ်ဆောင်ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီက မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နည်းပြ ဒေါ်စိမ့်စမ်းအေးက မျောက်ကျောက်ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများနှင့် ကာကွယ်နိုင်သော နည်းလမ်းများ၊ မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်မှုအခြေအနေများနှင့် ရောဂါကုသခြင်းဆိုင်ရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ မုံရွာမှ ကျောင်းအုပ်ကြီးနှင့် နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်း(၁၉၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)