ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရ မြစ်ကြီးနားဇုံတက္ကသိုလ် ကျောင်းသား/ကျောင်းသူ အားကစားမောင်မယ်များအား ဂုဏ်ပြု၊ (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပညာရေးဝန်ကြီးဌာနက နေပြည်တော် ဝဏ္ဍသိဒ္ဓိအားကစားကွင်းတွင် ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် မြစ်ကြီးနားဇုံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်းဆုနှင့် ဆုတံဆပ်များ ရရှိခဲ့သည့် ပြည်နယ်ကိုယ်စားပြု အောင်ပွဲရ အားကစားသမားမောင်မယ် များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံ အားကစားခန်းမ၌ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် က ဂုဏ်ပြုအမှာစကားပြောကြားသည်။