ပုဗ္ဗသီရိ စက်တင်ဘာ ၁၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်ထွန်းနှင့် ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိပွဲတော်ဝန်း၊ မနှင်းဆီတောရကျောင်းတိုက်၊ အောင်စည်သာကျောင်းတိုက်၊ အောင်မေတ္တာကျောင်းတိုက်၊ ဇီးကုန်းကျေးရွာတိုက်သစ်ကျောင်း၊ ကျည်တောင်ကန်မြို့မကျောင်း၊ မှန်ကျောင်း၊ တပင်ရွှေထီးရပ်ကွက်အတွင်းရှိ ဝေနေယျသုခဓမ္မာရုံ၊ ဉာဏဂုဏ်ရည်စာသင်တိုက်၊ ကန်ဇွန်းအင်းကျောင်းတိုက်၊ ကျောင်းကုန်းဘုန်းကြီးကျောင်း၊ မရှိခဏဘုန်းကြီးကျောင်းနှင့် ပတ္တာဘုန်းကြီးကျောင်းတို့ရှိ ရေဘေးရှောင်ပြည်သူများအတွက် ယနေ့မွန်းလွဲပိုင်းက ဆန်ရိက္ခာများ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူတို့သည် ရပ်ကွက်၊ ကျေးရွာများရှိ ရေဘေးရှောင်စခန်းမှ ရေဘေးရှောင် ရပ်ကွက်အုပ်စု ၁၃ စု၊ လူနေအိမ် ၆၀၉၁ အိမ်၊ ရေဘေးရှောင်စခန်း ၁၄ ခု၊ အိမ်ထောင်စု ၈၄၉ စု၊ လူဦးရေ ၂၅၂၃ ဦးတို့အတွက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ဆန်ရိက္ခာများပေးအပ်လှူဒါန်းပြီး ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)