မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မိုင်းစံ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူ ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးနှင့်ဝန်ထမ်းများက ဆုများအသီးသီး ပေးအပ်ချီးမြှင်ခဲ့ကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)