တာချီလိတ်မြို့ ဘုရားကျောင်းများရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်း

တာချီလိတ် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဘုရားကျောင်းများရှိ ရေဘေးသင့်ပြည်သူများအား ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများက တာချီလိတ်မြို့ မာကာဟိုခမ်းရပ်ကွက် စိန်ဂျုဒ်ကတ်သလိခ်ဘုရားရှိခိုးကျောင်းနှင့် မယ်ခေါင်ရပ်ကွက် တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းရှိ ရေဘေးသင့်ပြည်သူ ၅၀၀ ဦး အတွက် ဆန်၊ ဆီ၊ မီးခြစ်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ပဲနို့၊ ရေသန့်ကတ်များ သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)